ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း  (FED)

သမိုင်းကြောင်း

လုပ်ငန်းစဉ်များ

ကျွန်တော်တို့၏ အဓိကလုပ်ဆောင်နေသောလုပ်ငန်းစဉ်များမှာ ထိုင်းနိုင်ငံအတွင်းရှိ ရွှေပြောင်းမြန်မာအလုပ်သမားများအတွက် အရေးကြီးဆုံးအရာများဖြစ်သည့် ရွှေ့ပြောင်းမြန်မာကလေးများအား ပညာရေးဝန်ဆောင်မှုပေးခြင်း၊ ရွှေ့ပြောင်းမြန်မာမိသားစုများအား ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကျန်းမာရေးပညာပေးသင်တန်းများ ပြုလုပ်ပေးခြင်း ၊ ရွှေ့ပြောင်းအလုပ်သမားဖွံ့ဖြိုးတိုးတက်ရေးနှင့် အန္တရာယ်ကင်း၍ လုံခြုံစိတ်ချရသောလုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်နိုင်ရေး စသည်တို့ဖြစ်ပါသည်။

နောက်ဆုံးရ သတင်းများ

facebookFacebook

Comments Box SVG iconsUsed for the like, share, comment, and reaction icons
မေး။ ။ လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ ဝိတ်တက်တာ ရောဂါထူတာတွေဖြစ်ကြတယ်။ အထူးသဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေမှာ သွေးတိုး ဆီးချို အဖြစ်များတာတွေ တွေ့ရတယ်။ အဲဒီတော့ ကျန်းမာရေးနဲ့ ညီအောင် ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာ ပြောပြပါ။

ဖြေ။ ။ ကယ်လိုရီဆိုသည်မှာ ပေ၊ လက္မကဲ့သို့အရှည်၊ အလျားတိုင်းတာရာတွင်အသုံးပြုသော အတိုင်းအတာ ပမာဏကိန်းဂဏန်း၊ အရေအတွက်၊ ယူနစ်တခုအားနံမည်ခေါ်ဆိုမူ့ဖြစ်ပါသည်။ ထို့ကြောင့် ကယ်လိုရီဆိုသည်မှာ လည်း စွမ်းအင်အတွက်တိုင်းတာသော ယူနစ်တခု (unit of energy) ဟုမှတ်ယူရပါမည်။ ဇီဝကမ္မဖြစ်စဉ်များပုံမှန်ရှင်သန် လည်ပတ်နေစေဖို့အတွက် စွမ်းအင် ( Energy ) ဟာ ခန္ဓာကိုယ်အတွက် လိုအပ် လောင်စာဖြစ်ပါတယ်။ မော်တော်ကားတွေမှာ စွမ်းအင်၊ အင်ဂျင်လည်ပတ်နိုင်စေဖို့ လောင်စာဓါတ်ဆီလိုအပ်သလို ပါဘဲ။
ရုပ်ပိုင်းဆိုင်ရာ သက်ဝင်လှုပ်ရှားမူ့များနှင့်ကမ္မဇီဝဖြစ်စဉ်များဟာ ကယ်လိုရီလောင်ကျွမ်းမူ့ကြောင့် နှလုံးခုန်မှု ဖြစ်ပေါ်စေပြီး ကယ်လိုရီမရရှိလျှင် နှလုံးမခုန်နိုင်သလို အဆုတ် ဟာလည်း အလုပ်မလုပ်နိုင်ပါဘူး။ နှလုံးမခုန်နိုင် လျှင် ဦးနှောက်လည်းအလုပ်မလုပ်နိုင်ပါဘူး ။ ဇီဝကမ္မဖြစ်စဉ်များပုံမှန်ဖြစ်ပျက်ပီး သက်ရှိခန္ဓာကိုယ်တည်မြဲနေဖို့ အတွက် ကယ်လိုရီဟာလည်း မရှိမဖြစ်လို အပ်တယ်ဆိုတာ အတော်များများမှာသတိမပြုမိကြပါဘူး။ ပျမ်းမျှခြင်းအားဖြင့် အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက်၊ နှလုံးနှင့်အဆုတ်တို့ပုံမှန်အလုပ်လုပ်နိုင်ရန် အနည်းဆုံး ကယ်လိုရီ ၁၀၀၀ မှ ၁၄၀၀ လောက်ထိ လိုအပ်ပါတယ်။ ခန္ဓာကိုယ်မှလိုအပ်သော၊ လောင်ကျွမ်းနိုင် သောကယ်လိုရီပမာဏထက် နေ့စဉ်ပိုမိုစားသုံးယူခဲ့မယ်ဆိုလျှင် ပိုလျှံတဲ့ကယ်လိုရီ (Energy)စွမ်းအင်တွေကို အဆီ(Fat Cell)အဖြစ် ကိုယ်န္ဓာကိုယ်ရဲ့အစိတ်အပိုင်းတနေရာရာမှာ အနာဂတ်မှာအသုံးပြုရန်သိုလှောင်ထားလိုက် မှာဖြစ်ပါတယ်။ ဥပမာ။ ကယ်လိုရီလိုအပ်မူ့တွက်ချက်ခြင်းအရ တနေ့တာအတွက် ကယ်လိုရီပမာဏ၂၀၀၀ လိုအပ် တယ်ဆိုပါစို့ ။ ပျမ်းမျှခြင်းအားဖြင့်ကယ်လိုရီ ၂၅၀၀ ရအောင် နေ့စဉ်စားသုံးယူနေမည်ဆိုလျှင်၊ ကယ်လိုရီ ၅၀၀ ဟာပိုလျှံသောကယ်လိုရီပမာဏဖြစ်ပါတယ်။
... See MoreSee Less
5 days ago
English below....
ထိုင်းအာဏာပိုင်များမှ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ( ၁၄ )ခုမှ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေ့ပြောင်းမြန်မာအလုပ်သမား (၆၃)ဦးတို့အား ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကော့သောင်းမြို့သို့ ယနေ့ (၀၁၊ ၀၃၊ ၂၀၂၁)ရက်နေ့ နံနက်ပိုင်းက လွှဲအပ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယင်းသို့ပြန်လည်လွှဲအပ်ပေးလိုက်သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအတွက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ ဝန်ထမ်းများမှ မုန့်၊ သောက်ရေသန့်၊ နှာခေါင်းပိတ်၊ လက်သန့်စင်ဆေးရည်၊ ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များနှင့်အတူ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှပေးခြင်းအပြင် ပြန်လည်ရောက်ရှိလာသူများ၏လိုအပ်ချက်များအား ဒေသခံသက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ညှိနှိုင်းကာ ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရှီရပါသည်။

Thai Authorities hand over 63 Myanmar migrant workers detainees in southern Thailand to Myanmar Authorities this morning March 01,2021.Thai authorities recorded that these arrested migrant workers are working in 14 different provinces in southern part of Thailand and have been detained for various reason. 
Detainees now have been sent to the  Thai-Myanmar border of Ranong to Kawthaung. A total of 63 were detained, 54 male (one of them a current patient),  9 female Myanmar nationals migrant. The prisoners have been returned to Kawthaung through Ranong Immigration Detention Center.Foundation for Education and Development(FED) - Migrant Education Centre(MEC) had then provided them provisions for the journey with snack foods, drinking waters, masks, hand sanitizers, womens menstrual productsand, covid-19 awareness pamphlets, awareness on human trafficking and safe migration awareness leaflets were also distributed. Local Myanmar authorities have collaborated in assisting with the needs of returnees.

CRD: FED Kawthaung
English below....
ထိုင်းအာဏာပိုင်များမှ ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ( ၁၄ )ခုမှ အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရွှေ့ပြောင်းမြန်မာအလုပ်သမား (၆၃)ဦးတို့အား ထိုင်းနိုင်ငံ ရနောင်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းရှိ ကော့သောင်းမြို့သို့ ယနေ့ (၀၁၊ ၀၃၊ ၂၀၂၁)ရက်နေ့ နံနက်ပိုင်းက လွှဲအပ်ပေးခဲ့ကြောင်းသိရှိရပါသည်။ ယင်းသို့ပြန်လည်လွှဲအပ်ပေးလိုက်သည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအတွက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)၏ ဝန်ထမ်းများမှ မုန့်၊ သောက်ရေသန့်၊ နှာခေါင်းပိတ်၊ လက်သန့်စင်ဆေးရည်၊ ကိုဗစ်-၁၉ အသိပညာပေးလက်ကမ်းစာစောင်များနှင့်အတူ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား ဝေငှပေးခြင်းအပြင် ပြန်လည်ရောက်ရှိလာသူများ၏လိုအပ်ချက်များအား ဒေသခံသက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများနှင့် ညှိနှိုင်းကာ ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရှီရပါသည်။

Thai Authorities hand over 63 Myanmar migrant workers detainees in southern Thailand to Myanmar Authorities this morning March 01,2021.Thai authorities recorded that these arrested migrant workers are working in 14 different provinces in southern part of Thailand and have been detained for various reason.
Detainees now have been sent to the Thai-Myanmar border of Ranong to Kawthaung. A total of 63 were detained, 54 male (one of them a current patient), 9 female Myanmar nationals migrant. The prisoners have been returned to Kawthaung through Ranong Immigration Detention Center.Foundation for Education and Development(FED) - Migrant Education Centre(MEC) had then provided them provisions for the journey with snack foods, drinking waters, masks, hand sanitizers, women's menstrual productsand, covid-19 awareness pamphlets, awareness on human trafficking and safe migration awareness leaflets were also distributed. Local Myanmar authorities have collaborated in assisting with the needs of returnees.

CRD: FED Kawthaung
... See MoreSee Less
6 days ago
A second chapter end test for the 2020- 2021 academic year, that had been started from 15th February was finished today.
ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ဖြေဆိုလာခဲ့သည့် ၂၀၂၀- ၂၀၂၁ ပညာသင်နှစ် ဒုတိယအကြိမ် အခန်းဆုံးစစ်ဆေးခြင်း ယနေ့တွင်ပြီးဆုံးသွားပြီဖြစ်ပါသည်။

2 weeks ago
Load more

လစဉ်ထုတ် သတင်းစာစောင်

ပုံမှန်စာနယ်ဇင်း လက်ခံခြင်း နှင့် ပူးပေါင်းပါဝင်ခြင်း

ထိပ်တန်းသတင်းများ

Closely watching the floods in Myanmar

ဧပြီ 19th, 2019|0 Comments

FED is saddened by the ongoing floods in Burma/Myanmar, which have now taken the lives of 100 people and affected 1 million people since July 16, 2015. The west of the country has been hardest hit [...]

ထူးခြားသတင်းများ