ปรับปรุงล่าสุด

จดหมายข่าวรายเดือน

สมัคร และ รับข้อมูลข่าวสารที่เกี่ยวข้อง!

ติดตามเราได้ที่

Education news

Migrant Development News

Health News

See All News

Latest Updates

facebookFacebook

twitterTwitter

Comments Box SVG iconsUsed for the like, share, comment, and reaction icons
Collaborating with the Thai Red Cross Association, FED has begun
ထိုင်းကြက်ခြေနီအသင်းကြီးနှင့် လက်တွဲကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် ကယ်ဆယ်ရေးပစ္စည်း အထုပ်ပေါင်း ၈၆၆ ထုပ်အား ဖန်ငပြည်နယ်အတွင်းရှိ 
မြို့နယ်များတွင် လိုက်လံဖြန့်ဝေပေးလျှက်ရှိနေပါသည်။ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) မှ ထိုင်းကြက်ခြေနီအသင်းကြီး၏ ရက်ရောစွာကူညီလှူဒါန်းမှုနှင့်အတူ ထိုင်းနိုင်ငံအတွင်းရောက်ရှိအလုပ်လုပ်ကိုင် နေကြသော ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအပေါ် ကြင်နာမှုပြသခြင်းတို့အတွက် လွန်စွာမှ ကျေးဇူးတင်ရှိရပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။ 
to distribute 866 relief packages to Burmese migrant workers affected by Covid-19. Our appreciation goes out the the Red Cross for their generous contribution and kindness to migrant workers in Thailand.

... See MoreSee Less

4 hours ago

ဆေးယဉ်ပါးတီဘီဆိုတာ ဘာလဲ။
ဆေးယဉ်ပါးတီဘီဆိုတာ တီဘီပိုးက မျိုးဗီဇပြောင်းလဲပြီး ပုံမှန်ပေးနေတဲ့ တီဘီဆေးတစ်မျိုး ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့ဆေးတွေကို ခံနိုင်ရည်ရှိလာတာပါ။ တစ်နည်းအားဖြင့် ဆေးမတိုးတော့တာပါ။
ဆေးယဥ်ပါးတီဘီဘယ်နှစ်မျိုးရှိလဲ။
Mono-resistance : တီဘီဆေးတစ်မျိုးတည်းကိုပဲ ခံနိုင်ရည်ရှိတာပါ။
Poly-resistance: Isoniazid (အိုင်ဆိုနိုင်ရာဇင့်)နဲ့ Rifampicin (ရိုင်ဖယ်ပင်စင်)မဟုတ်တဲ့ တခြားတီဘီဆေးတွေကို တစ်မျိုးထက်ပိုပြီးခံနိုင်ရည်ရှိတာပါ။
Multidrug-resistance TB (MDR-TB) : တီဘီဆေးတွေထဲမှာ အရေးကြီးဆုံးဖြစ်တဲ့ Isoniazid (အိုင်ဆိုနိုင်ရာဇင့်)နဲ့ Rifampicin (ရိုင်ဖယ်ပင်စင်)ကို ခံနိုင်ရည်ရှိတာပါ။
Rifampicin-resistance TB (RR-TB) : Rifampicin (ရိုင်ဖယ်ပင်စင်)ကို ခံနိုင်ရည်ရှိတာပါ။ ဒီထဲမှာ Mono-resistance, Multidrug-resistance, MDRမဟုတ်သော Poly-resistanceနဲ့ XDR-TBတွေပါပါတယ်။
Extensively drug-resistance TB (XDR-TB): MDR-TBအပါအဝင် ဒုတိယအဆင့် သောက်ဆေးတွေ၊ ထိုးဆေးတွေကိုပါ ခံနိုင်ရည်ရှိနေတာပါ။

ဘာလို့ဖြစ်ရတာလဲ။
အဓိကကတော့ တီဘီဆေးတွေကို သေချာမသောက်ဘဲ အလွဲသုံးစားလုပ်လို့ပါပဲ။ ဥပမာပြောရရင်
တီဘီဆေးကိုရက်ပြည့်အောင်မသောက်တာ
တီဘီဆေးကို ပမာဏမှားပေးတာ၊ သောက်ရမယ့်ကာလ မှားတာ
ဆေးရဲ့ ကွာလတီမကောင်းတာကြောင့်ပါ။
ဘယ်သူတွေမှာပိုဖြစ်နိုင်လဲဆိုရင်
တီဘီဆေးကို ပုံမှန်မသောက်တဲ့သူ
ဆေးကို အကုန်မသောက်တဲ့သူ
အရင်ကတီဘီဖြစ်ဖူးပြီး ခုနောက်တစ်ခါပြန်ဖြစ်တဲ့သူ
ဆေးယဉ်ပါးတီဘီအဖြစ်များတဲ့နေရာမှာ နေတဲ့သူ
ဆေးယဉ်ပါးတီဘီရှိသူနဲ့ အထိအတွေ့များသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

ဘယ်လိုသိနိုင်မလဲ။
ဆေးယဉ်ပါးတီဘီက ရိုးရိုးတီဘီနဲ့ လက္ခဏာတူတူပါပဲ။ ထပ်ပြီးဆေးစစ်ကြည့်တဲ့အခါကျမှ ဆေးယဉ်ပါးခြင်းရှိမရှိ သိတာပါ။
ကုသလို့ရနိုင်ပါ့မလား။
ပထမအဆင့်ဆေးတွေကို ခံနိုင်ရည်ရှိနေပြီဖြစ်တဲ့အတွက် ဒုတိယအဆင့်ဆေးတွေနဲ့ ကုရမှာပါ။ ကြာချိန်ကတော့ ရိုးရိုးတီဘီလို ၆လမဟုတ်ပါဘူး။ ကနဦးအဆင့်မှာ ၆-၈လ၊ နောက်ဆက်တွဲအဆင့်မှာ ၁၂-၁၄လ စုစုပေါင်း၁နှစ်ခွဲ ၂နှစ်နည်းပါး ကုရပါမယ်။ ဒီကြားထဲမှာ ရောဂါသက်သာခြင်းရှိမရှိ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးခံစားရခြင်းရှိမရှိအတွက် လိုအပ်တဲ့ဆေးစစ်မှုတွေလုပ်ရပါမယ်။ ရိုးရိုးတီဘီထက် ပိုပြီးကြပ်မတ်ကုသရပါမယ်။ ဆေးကို ပုံမှန်သောက်ပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်။ ဒီဒုတိယအဆင့်ဆေးတွေကိုပါ ထပ်ပြီးခံနိုင်ရည်ရှိသွားရင် ကုသဖို့မလွယ်တော့ပါဘူး။
နောက်ဆက်တွဲဆိုးကျိုးများ
ဆေးယဉ်ပါးတီဘီကို မကုဘဲထားမယ်ဆိုရင် မကြာခင်မှာပဲ တီဘီပိုးတွေက တစ်ကိုယ်လုံးကို ပျံ့သွားပါမယ်။ ကိုယ်တွင်းအင်္ဂါတွေပျက်စီးပြီး အသက်အန္တရာယ်ရှိပါတယ်။ သူများကိုကူးသွားမယ်ဆိုရင်လည်း သူတို့မှာ ဆေးယဉ်ပါးတီဘီဖြစ်ပါမယ်။ ကုသရခက်တာတွေ၊ အသက်အန္တရာယ်ရှိတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ လူတော်တော်များများကို ကူးစက်ခဲ့မယ်ဆိုရင် အစုလိုက်ဆေးယဉ်ပါးတီဘီဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ။
​ရိုးရိုးတီဘီဆိုရင် ဆေးကို ဆေးပတ်လည်အောင်သောက်ပါ။ သောက်ရမယ့်ဆေးကို ကုန်အောင်သောက်ပါ။
ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေခံရရင်လည်း ကိုယ့်သဘောနဲ့ကိုယ်မရပ်ပါနဲ့။ ဆရာဝန်နဲ့တိုင်ပင်ပါ။
ဆေးယဉ်ပါးတီဘီရှိတဲ့သူတွေနဲ့ မထိတွေ့ပါနဲ့။ ထိတွေ့ရမယ်ဆိုရင်လည်း maskတပ်ပါ။
ချောင်းဆိုးနှာချေရင် အဝတ်/တစ်ရှူးနဲ့အုပ်ပါ။
လက်ဆေးပါ။
မလိုအပ်ဘဲ ပိုးသတ်ဆေးမသောက်ပါနဲ့။ မလိုအပ်ဘဲသောက်ခဲ့ရင် တကယ်တမ်းကုဖို့လိုအပ်တဲ့အခါမှာ ဆေးမတိုးတော့ပါဘူး။
ချောင်းဆိုးလို့ ကိုယ့်သဘောနဲ့ကိုယ် rifampicinသောက်တဲ့သူတွေလဲရှိပါတယ်။ တီဘီကုတဲ့နေရာမှာ သုံးတဲ့ဆေးတွေက တခြားသော အဆုတ်ရောဂါတွေမှာ သုံးလို့ရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တီဘီဖြစ်ရင် ဒီဆေးတွေနဲ့ကုရမှာမို့လို့ ဆေးမတိုးမှာစိုးတဲ့အတွက် အဆုတ်ရောဂါအထူးကုဆရာဝန်တွေတောင် မလိုအပ်ပဲမသုံးကြပါဘူး။ ချင့်ချိန်ပြီးသုံးကြပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးတွေကို မလိုဘဲ မသောက်ကြပါနဲ့။
ဆေးယဉ်ပါးတီဘီရှိတဲ့သူအနေနဲ့
ဆေးယဉ်ပါးတီဘီကို ကုဖြစ်အောင်ကုပါ။ ကိုယ်ကိုယ်တိုင်လည်း အန္တရာယ်ရှိသလို သူများကို ကူးသွားရင်လည်းမကောင်းပါဘူး။
ဆေးကို courseအပြည့်သောက်ပါ။ ဆရာဝန်နဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
ဆေးဒဏ်ခံရမှာစိုးရိမ်ရင်လည်း ဆရာဝန်နဲ့တိုင်ပင်လို့ရပါတယ်။
ဆေးကုနေချိန်အတွင်းမှာ သူများကို မကူးအောင် လူထူတဲ့နေရာကို မသွားပါနဲ့။ နှာချေချောင်းဆိုးရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ပါ။
အာဟာရပြည့်အောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ ‌‌ဆေးလိပ်အရက်ဖြတ်ပါ။
... See MoreSee Less

5 days ago

Comment on Facebook

To Myanmar in THAILAND.Do warn your citizen , Especially This Guy not to criticize anything about My King! OR Never try to ask pardon from my King about Koh Tow Case! Dont forget they are many Myanmar in Thailand and We are very angry!!!

Tell your people to stop insult our king or You dont have to ask My king to give a pardon to Koh Tow criminal case! m.facebook.com/story.php?story_fbid=3299557703497214&id=100003290496283

Our students had a great chance to communicate with students
ရွှေ့ပြောင်းမြန်မာကလေးများအလယ်တန်းကျောင်း (ULC) ရှိ ကျောင်းသား/သူကလေးများမှ ဂျပန်နိုင်ငံရှိ the International School of Aisa Karuizawa (ISAK) မှ ကျောင်းသား/သူများနှင့် အွန်လိုင်းစာသင်ကြားမှု 
အစိတ်အပိုင်းတစ်ခုအနေဖြင့် ယနေ့ အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ဆွေးမှုစတင်ပြုလုပ်ခဲ့ပါသည်။
from the International School of Aisa Karuizawa (ISAK)/ UWC Japan, as a part of online studying. 

@https://www.facebook.com/ISAK.jp/

@UWC ISAK Japan
... See MoreSee Less

6 days ago

Comment on Facebook

ဒီနှစ် ၁၀ တန်းစာမေးပွဲ မဖြေဖြစ်ဖို့ များပါတယ်၊ လူကြီးတွေ လိုအပ်သလို ပြင်ဆင်ထားသင့်ပါတယ်။

Load more