သမိုင်းကြောင်း

၂၀၀၄ ခုနှစ် စူနာမီဖြစ်ပြီး မကြာမီတွင် FED အဖွဲ့အစည်းအနေဖြင့် ထိုင်းအစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများမှ လျစ်လျူရှုထားခြင်းခံနေရသော ဖန်ငဒေသအတွင်းရှိ စူနာမီဒုက္ခသည် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို အရေးပေါ်ကူညီမှုများပေးနိုင်ရန် ပင်မရုံးအခြေစိုက်ထားသော စံခရဘူရီမှ ဖန်ငခရိုင်အတွင်းသို့ ပြောင်းရွှေ့၍ ရုံးဖွင့်လှစ်ခဲ့သည်။

FED အဖွဲ့အစည်းကို ၂၀၀၀ခုနှစ်တွင် ကန်ချနဘူရီခရိုင် ၊ စံခရဘူရီမြို့တွင် GHRE (Grassroots Human Rights Education & Development) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။၂၀၀၄ ခုနှစ် စူနာမီဖြစ်ပြီး မကြာမီတွင် FED အဖွဲ့အစည်းအနေဖြင့် ထိုင်းအစိုးရနှင့် အစိုးရမဟုတ်သော လူမှုအဖွဲ့အစည်းများမှ လျစ်လျူရှုထားခြင်းခံနေရသော ဖန်ငဒေသအတွင်းရှိ စူနာမီဒုက္ခသည် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို အရေးပေါ်ကူညီမှုများပေးနိုင်ရန် ပင်မရုံးအခြေစိုက်နေသော စံခရဘူရီမှ ဖန်ငခရိုင်အတွင်းသို့ ရုံးပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ယင်းအချိန်မှစ၍ FED အဖွဲ့အစည်းမှ အဖိနှိပ်ခံ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကို စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်ပေးနေသည်။ FED ရုံးဝန်ထမ်းများအနေဖြင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ နေထိုင်ကြရာ ပတ်ဝန်းကျင်များဖြစ်သည့် ရာဘာခြံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ငါးဖမ်းလုပ်ငန်းများနှင့် အကျွမ်းတဝင် ဆက်စပ်မှုရှိစွာ ဆောင်ရွက်လုပ်ကိုင်နေသောကြောင့် အလုပ်သမားများ၏ နိစ္စဓူဝဖြစ်ပေါ်နေသော အခက်အခဲပြဿနာ အခြေအနေများကို မလွတ်တမ်းလေ့လာသိရှိခွင့်ရနေပါသည်။ FED ၏ ဝန်ထမ်းအများစုသည်ပင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများဖြစ်ကြပြီး ရွှေ့ပြောင်းအလုပ်သမားတို့၏ ဘဝဖြတ်သန်းမှုများကို ကောင်းစွာသိရှိနားလည်သူများ ဖြစ်ကြသောကြောင့် FED အဖွဲ့အစည်းအနေဖြင့် တခြားအစိုးရမဟုတ်သည့် NGOs အဖွဲ့အစည်းကြီးများ မလုပ်ဆောင်နိုင်သည့် အောက်ခြေအဆင့်ထိ ထဲထဲဝင်ဝင် ကူညီလုပ်ဆောင်ပေးနိုင်ခဲ့သည်။

အောက်ပါအချက်အလက် (၇) ချက်ကို ထမ်းဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိစေရန် ရည်ရွယ်ထားပါသည်။

  • ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရွှေ့ပြောင်းမြန်မာကလေးများအား ပညာသင်ကြားပေးခြင်း။

  • ထိုင်းနိုင်ငံတောင်ပိုင်းတွင် နေထိုင်စားသောက်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် သော်လည်းကောင်း၊ တရားဥပဒေနှင့်အညီ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ရန် သော်လည်းကောင်း ကူညီဆောင်ရွက်ပေးခြင်း။

  • ရွှေ့ပြောင်းမြန်မာကလေးများအတွက် လုံခြုံစိတ်ချရပြီး ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်အသစ် ဖန်တီးပေးခြင်း။

  • ထိုင်းလူမျိုးများနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအကြား ပေါင်းကူးတံတားသဖွယ် စေ့စပ်ဆောင်ရွက်ပေးခြင်း။

  • ထိုင်းနိုင်ငံတောင်ပိုင်းတွင်ရှိသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် တရားမျှတမှု နှင့် လူမှုဘဝလုံခြုံမှုများ ရရှိစေရန် ဆောင်ရွက်ပေးခြင်း။

  • ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို လူ့အခွင့်အရေး အသိပညာ၊ စီးပွါးရေးဆိုင်ရာ အသိပညာ၊ လူမှုရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးသင်တန်းများ ပို့ချပေးခြင်း။

  • ရွှေ့ပြောင်းမြန်မာအမျိုးသမီးများ၏ ဘဝအခြေအနေ တိုးတက်မြှင့်မားမှုရှိစေရန် စွမ်းရည်မြှင့်တင်ပေးခြင်း။

ကျွန်ုပ်တို့၏လုပ်ငန်းများအား ကူညီထောက်ပံ့မှုပြုရန်

ရွှေ့ပြောင်းမြန်မာ လူထုအသိုင်းအဝိုင်း ဖွံဖြိုးတိုးတက်ရေးအတွက် FED အဖွဲ့မှ အမျိုးသားရေးစံ တစ်ခုတည်ဆောက်ရင်း ထိုင်းနိုင်ငံတွင် တချိန်က မျက်ကွယ်ပြုခံရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအရေး ပေါ်ပေါ်လွင်လွင်ဖြစ်လာစေဖို့ FED အဖွဲ့မှ ဖော်ဆောင်ပေးနေပါသည်။ ထိုင်းပြည်သူလူထု၏ စိတ်နေသဘောထားနှင့် အမူအကျင့်များကို ပြောင်းလဲလာအောင် ဆောင်ရွက်ခြင်းနှင့် တစ်ဖက်မှာလည်း မျိုးဆက်သစ် ရွှေ့ပြောင်းအလုပ်သမားများ ကာလအတန်ကြာ မရရှိခဲ့ဖူးသည့် အခွင့်အရေးများ ရရှိလာအောင် စွမ်းရည်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို မိမိတို့ FED အနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

မိမိတို့အဖွဲ့အစည်း၏ ချဉ်းကပ်မှုနည်းဗျူဟာ

လူမှုရေးဝန်ဆောင်မှုများ၊ လူ့အခွင့်အရေးများနှင့် စီးပွါးရေးအခွင့်အလမ်းများ နှစ်ကာလကြာရှည်စွာဆုံးရှုံးနေသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ထိုင်းလူမျိုးများအကြား ပေါင်းကူးတံတားအဖြစ် FED မှ ကြားဝင်ညှိနှိုင်း ဖော်ဆောင်ပေးခြင်း။

အခွင့်အလမ်းများနှင့် အကျိုးရလဒ်များကို စောင့်ဆိုင်းမျှော်ကိုးနေမည့်အစား မိမိတို့အဖွဲ့အစည်းအနေဖြင့် ရွှေ့ပြောင်းမြန်မာလူထုအား ကိုယ့်အားကိုယ်ကိုးနိုင်အောင် လေ့ကျင့်သင်ကြားပေးသည်။ ရွှေ့ပြောင်းမြန်မာလူထုထဲမှ မိမိတို့သင်တန်းပေးထားသည့် ရွှေ့ပြောင်းအလုပ်သမားများကို FED ၌ ဝန်ထမ်းအဖြစ် ခန့်အပ်ထားပြီး ရွှေ့ပြောင်းအလုပ်သမားလူထုကြားထဲသို့ ရောက်သည့်အထိ ဦးဆောင်မှုပြုနိုင်ရန် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲမှုစွမ်းရည်သင်တန်းများကို ပို့ချပေးလျက်ရှိသည်။ အဆိုပါဆောင်ရွက်ချက်များတွင် အဖွဲ့အစည်းအနေဖြင့် မျှော်လင့်ထားသည်မှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် စွမ်းရည်မြှင့်တက်လာစေပြီး ပို၍ကောင်းမွန်သည့် ဘဝအခြေအနေကို ရရှိစေရန်နှင့် အမိမြန်မာနိုင်ငံသို့ ပြန်ဖို့အခွင့်အလမ်း ရှိလာသည့်အခါ အမိနိုင်ငံ၌ အကျိုးပြုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်သည့် စွမ်းရည်များရရှိစေဖို့ငှာ ကြိုတင်ပြင်ဆင်ထားနိုင်ရန်တို့ဖြစ်သည်။ ကျောင်းပညာ သင်ယူနိုင်ရေး အခွင့်အလမ်းများ ၊ ကျန်းမာရေး အသိပညာများ နှင့် သင့်တော်သည် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးအတွက် FED အနေဖြင့် သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့အနေဖြင့် ဒေသခံအစိုးရများ၊ ခရိုင်အဆင့် အစိုးရခေါင်းဆောင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ ဤကဲ့သို့ပူးပေါင်းဆောင်ရွက်ရာတွင် ထိုင်း နှင့် မြန်မာ အသိုင်းအဝိုင်းနှစ်ခုကြား ကွာဟနေမှုအပေါ် FED မှ တရားဝင် ထိရောက်သည့် ယန္တရားတစ်ခု ဖော်ဆောင်ခြင်းဖြင့် ပေါင်းကူးတံတား ခင်းကျင်းပေးသည်။ တစ်ဖက်တွင်လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား အကာအကွယ်ပေးသည့် မူဝါဒပိုင်းဆိုင်ရာများ ပေါ်ပေါ်လွင်လွင်ရှိလာစေရန် ကြိုးစားဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထိုင်းဥပဒေမှ အချိန်ကာလကြာမြင့်စွာ လျစ်လျူရှု့ထားသော လူမှုရေး ဝန်ဆောင်မှုများကို ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့အရေး ထင်သာမြင်သာဖြစ်လာစေဖို့ရန် FED အဖွဲ့အစည်းအနေဖြင့် ရွှေ့ပြောင်းမြန်မာများ အများဆုံးနေထိုင်သော ခရိုင်များတွင် ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ FED သည် ထိုင်းနိုင်ငံတွင် ပထမဆုံးသော တရားဝင် မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၏နေရာအနှံ့အပြားတွင်ရှိသော တခြားသော တရားဝင်မဟုတ်သော မြန်မာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ဦးဆောင်အဖွဲ့အစည်းတစ်ခု အနေဖြင့် ရပ်တည်ဆောင်ရွက်လုပ်ဆောင်သွားရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပံ့ပိုးပါ။

လစဉ်ထုတ် သတင်းစာစောင်

ပုံမှန်စာနယ်ဇင်း လက်ခံခြင်း နှင့် ပူးပေါင်းပါဝင်ခြင်း

ဝန်ထမ်းများ နှင့် မိတ်ဆက်ခြင်း

နိုးကြားတက်ကြွသော မြန်မာပြည်ဖွား တိုင်းရင်းသားများဖြစ်ကြသည့် ကျွန်တော်တို့ဝန်ထမ်းများသည် FED ၏ အသည်းနှလုံးပင် ဖြစ်သည်။ အများစုသော ဝန်ထမ်းများမှာ ရွှေ့ပြောင်းအလုပ်သမားများဘဝနှင့် တူညီသော ဘဝအခက်အခဲများကို ကျော်ဖြတ်ခဲ့သူများ ဖြစ်သောကြောင့် FED အဖွဲ့အစည်း အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အရေးအတွက် အခြေခံအထိ ခိုင်ခိုင်မာမာ ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။

Htoo Chit

အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး

Ei Ei Chaw

ဒု-လက်ထောက်ညွှန်ကြားရေးမှူး

Janejin Ema

ဒု-လက်ထောက်ညွှန်ကြားရေးမှူး

Min Oo

ရွှေ့ပြောင်းလုပ်သားဖွံ့ဖြိုးရေးကောင်စီညှိနှိုင်းရေးမှူး

Bob Forrester

ကျန်းမာရေးကောင်စီညှိနှိုင်းရေးမှူး

Saw Mudoh

ပညာရေးကောင်စီညှိနှိုင်းရေးမှူး

Philippe van Gammeren

နည်းပညာပိုင်း စီမံခန့်ခွဲရေးမှူး

Ei Ei Chaw Mu

အထွေထွေအုပ်ချုပ်ရေးမှူး

Nawapat Kanjanapanboon

မဲဆောက်ကွင်းဆင်းညှိနှိုင်းရေးမှူး

Sujitra Bobthong

ထိုင်းအစိုးရဆက်ဆံရေးညှိနှိုင်းရေးမှူး

Myint Zu Aye

ဘဏ္ဍာရေးကြီးကြပ်ရေးမှူး

Ye Min

ပေါင်းစည်းရေးအစီအစဉ်ညှိနှိုင်းရေးမှူး

Khru Jaree

ULC ကျောင်းအုပ်ချုပ်ရေးမှူး

Piromporn Yale

KLC ကျောင်းအုပ်ချုပ်ရေးမှူး

Supunsa Marem

ဉပဒေအကြံပေး

Wai Phyo

အခွင့်အရေးဆိုင်ရာ သင်တန်းနည်းပြ

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပံ့ပိုးပါ။

ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ (အလှူရှင်များ)

ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းများ၏ အကူအညီမပါပဲ ကျွန်တော်တို့၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ဖို့ မဖြစ်နိုင်ပါ။ ကျွန်တော်တို့အား ကူညီသော လုပ်ဖေါ်ကိုင်ဖက် အဖွဲ့အစည်းများအား အစဉ်ထာဝရ ကျေးဇူးတင်နေပါမည်။