Who's Online

We have 8 guests online

Grassroots HREDC သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

Grassroots Human Rights Education & Development
၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကိုရီးယားတွင် ကျင်းပ PDF Print E-mail
Monday, 08 February 2010 19:12

 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုရီးယား နိုင်ငံ ပူချွန်း နိုင်ငံခြားသားအလုပ်သမားများရိပ်သာ၌ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား) က ဦးစီး၍ ယမန်နေနေ့လည် ၂ နာရီအချိန်က ကျင်းပခဲ့သည်။ပြည်ထောင်စု အလံတော်အား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့က လက်ဆင့်ကမ်း သယ်ဆောင် လာပြီးနောက် ညီညွှတ် သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)၏ အလှည့်ကျ ဥက္ကဌ စိုင်းမောင်မောင်ဝိုင်းက စင်မြင့်ပေါ်သို့ သယ်ဆောင်၍ ငွေဖလား၌ စိုက်ထူပါသည်။ ၄င်းနောက် တက်ရောက်လာကြသော တိုင်းရင်းသား ညီအကို မောင်နှမများနှင့်အတူ ပြည်ထောင်စု အလံတော်အား အလေးပြုကြပြီး ကျဆုံးသွားသော အာဇာနည် သူရဲကောင်း အပေါင်းတို့အား အလေးပြုကြပါသည်။

 

Last Updated on Monday, 08 February 2010 19:15
Read more...
 
အိမ်နီးချင်း ချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ပွဲ PDF Print E-mail
Monday, 08 February 2010 18:48

 

ထိုင်းနိင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွန်ပါမြို့နယ် ဘန်မွားကျေးရွာ ဘန်မွားဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ဘုန်းတော်ကြီးကျောင်း(၁၆၂)ပြည့် အထိမ်းအမှတ်ပွဲ၌ အိမ်နီးချင်းချစ်ကြည်ရေး ရိုးရာယဉ် ကျေးမှုထုတ်ဖော်ပွဲနှင့်လှယဉ်ကျေးမယ်ပြိုင်ပွဲကို ယခုလ(/)ရက်နေ့များက ကျင်းပသွားခဲ့သည်။ အဆိုပါ ပွဲတွင် ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထာသော ရွှေ့ပြောင်းမြန်မာ ကျောင်းများမှ ကျောင်းသား/သူ ကလေးများက မြန်မာတိုင်းရင်းသား ရိုးရာဝတ်စုံများ ၀တ်ဆင်၍ လည်း ကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို ဖော်ကျူးသော အကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်း၊ သီချင်းများသီဆိုခြင်း၊ မြန်မာတိုင်းရင်သားများ နေထိုင်သော ပြည်နယ်နှင့်တိုင်းများ၊ ၀တ်စားဆင်ယင်မှု၊ လုပ်ကိုင်စားသောက်ပုံနှင့်တကွ မြန်မာ့အလှမြန်မာ့ရှု့ခင်းများကို စလိုက်ရှိုးဖြင့် ရှင်းလင်းပြသခြင်းဖြင့် လည်း ကောင်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသသွားသည့်အပြင် မြန်မာတိုင်းရင်းသူကလေးများ၏ လှယဉ်ကျေးမယ် ပြိုင်ပွဲကိုပါ ကျင်းပသွားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဖန်ငနှင့်ရနောင်ခရိုင်မှ လှပျိုဖြူ (၁၅)ဦး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ကြောင်းသိရသည်။

 

Last Updated on Monday, 08 February 2010 19:04
Read more...
 
တစ်နေ့တာ ပန်းအလှပြင်သင်တန်း PDF Print E-mail
Wednesday, 03 February 2010 17:35

 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော လူငယ်သိပ္ပံ ကျောင်း(Youth Outreach)တွင် ပန်းအလှပြင်သင်တန်းကို ယမန်နေ့ကကျင်းပသွားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၀)ဦးတက်ရောက်ခဲ့ပြီး ပန်းအလှပြင်နည်းပြ ဆရာမမှာ ဒိန်းမတ်သူ Ms. Karina ဖြစ်သည်။ သင်တန်းဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်သူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ မပိုပိုက “ပန်းအလှပြင်ခြင်း အနုပညာကို စိတ်ဝင်စားတဲ့ မြန်မာ အမျိုးသမီးတွေအနေနဲ့ ပန်းတွေကို ရွေးချယ်ပြင်ဆင်တတ်ဖို့၊ စံနစ်တကျ နေရာချတတ်ဖို့၊ ပန်းအရောင်များ ကို လိုက်ဖက်စွာ ရောစပ်နိုင်ဖို့အပြင် စိတ်ကူး ပြင်ဆင်မှုများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ဖို့နဲ့တစ်နေ့တာ မောပန်းမှုများပြေပျောက်ဖို့’’ စသည့်ရည်ရွယ်ချက်များဖြင့် ပန်းအလှပြင် သင်တန်းကို ပြုလုပ်ကြောင်း။“ အမျိုးသမီးအားလုံးက သင်တန်းထဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ကြတာ ကို တွေ့ရသလို သူတို့အချင်းချင်း ကွဲပြားတဲ့ အမြင်၊ အတွေးအခေါ်တွေကို ဖလှယ်နိုင်ကြတယ်။ နောက်ပြီး အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပန်းအလှအိုးတွေရော၊ လက်ကိုင်ပန်းတွေကိုရော စုပေါင်းပြီး လုပ်ဆောင်ကြ တယ်။ တစ်ရက်တာ အချိန်တိုအတွင်းမှာ ပြုလုပ်ရပေမယ့် ထူးခြားမှုရှိတဲ့ သင်တန်းကလေးဖြစ်လို့ ကျွန်မ အနေနဲ့ အားရမိပါတယ်” ဟု ပြောကြားသွားသည်။

Last Updated on Thursday, 04 February 2010 15:54
Read more...
 
ရွှေ့ပြောင်းမြန်မာကလေးများအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး PDF Print E-mail
Wednesday, 03 February 2010 17:26

 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ကွန်ပါ မြို့ နယ်အတွင်းရှိ ညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ် ထားသော ရွှေ့ပြောင်း မြန်မာကလေးများကျောင်းတွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုကို ဒီဇင်္ဘာလ (၂၃) ရက်နှင့် ဇန်န၀ါရီလ (၂၇)ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သည်။

စာသင်ကျောင်း () ကျောင်းနှင့် မူကြိုကျောင်းတကျောင်းတို့တွင် ကျား ၁၁၁ ဦးနှင့် ၈၇ ဦးတို့ကို ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးခဲ့သည်။ အဆိုပါကာကွယ်ဆေးတိုက်ကျွေးမှုကို ထိုင်းကျန်းမာရေးဌာနနှင့် FED ကျန်းမာရေး ဌာနတို့ ပူးပေါင်းပြီးပြု လုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ယခုလိုကာကွယ်ဆေး တိုက်ကျွေးခြင်းဟာ ကျွန်တော်တို့ ရွှေ့ ပြောင်းမြန်မာ ကလေးတွေ အတွက် သိပ်ကိုအရေးကြီးပါတယ်။ ကမ္ဘာကြီး ဘယ်လောက်ပဲဖွံ့ ဖြိုးတိုးတက်လာတယ် ပြောပြော အိမ်မှာမွေးတဲ့ ကလေးတွေရှိနေပါသေးတယ်။ နောက်ပြီး မိဘများရဲ့ပြောင်းရွှေ့ မှုအပေါ်မူတည်ပြီး ဆေးရုံ၊ ဆေးခန်း များကိုသွားရောက်ဆက်သွယ်ပြီး ကာကွယ်ဆေး ဆက်လကမတိုက်ကျွေးနိုင်တော့တဲ့ ကလေးတွေများစွာ ရှိနေပါ သေးတယ်” ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးတာဝန်ခံ ကိုအောင်ကြည် ကပြောပါ တယ်။

ပိုလီယိုကာကွယ်ဆေးကို ထိုင်းကျန်းမာရေးဌာနမှ ထောက်ပံ့ပြီး FED ကျန်းမာရေးဌာနမှ ကလေးများကို အောင်မြင်စွာ တိုက်ကျွေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

Last Updated on Thursday, 04 February 2010 15:52
 
လစဉ်ကြေးဘတ်(၂၀၀) မပေးတော့သဖြင့် ဘတ်ပွဲစားက မြန်မာအလုပ်သမအား ဖမ်းဆီးထောင်ချ PDF Print E-mail
Tuesday, 02 February 2010 17:06

 

 

ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့ ၀ိထိနိုင် ဈေးကြီးအနီး နေထိုင်၍ အိမ်ဖော် အလုပ်လုပ်ကိုင်နေသည့် အသက် (၄၉) နှစ်အရွယ် ဒေါ်ခင်စိုးအား လစဉ်ကြေးဘတ်(၂၀၀) မပေးတော့သဖြင် ပြီးခဲ့သည့် ဇန္န၀ါရီ လ(၂၉)ရက်နေ့ ညနေ()နာရီခွဲလောက်မှာ ဆိုင်ကယ်စီး ထိုင်းပုလိပ် တစ်ဦးနှင့် ဘတ်လုပ်ပေးထားသည့် အသက်သုံးဆယ်ကျော်အရွယ် ထိုင်းအမျိုးသမီး ဖိမိုးတို့ာက်ရှိလာပြီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဒေါ်ခင်စိုး၏သား ကိုစိုးဝင်းလှိုင်ကအမေက သူ့ ဆီမှာ ဘတ်လုပ် ထားတယ်။ဘတ်ဖိုး ငါးထောင်၊ အားလုံး အကျေပေးပြီးသားပါ။ ဒါပေမယ့် သူလုပ်ပေးထားတဲ့ လူတွေထဲက လူ()ယောက်လောကက ထိုင်းစကား မပြောတတ်ဘူး၊ ဒီလူတွေဆီက သူ တစ်လကို ဘတ်(၂၀၀) စီကောက်တယ်၊ အမေပေးလာတာ ()လရှိပြီဒီလမှာမပေးလို့ ဆိုပြီးဖမ်းတာ၊ ခေါင်းမာလို့ ဖမ်းတာလို့ ပြောတယ်။ ထောင်(၁၀)ရက်ချတယ်လို့ ပြောတယ်။ ခုအမေထောင်ထဲမှာရောက်နေတာတောင် ကျနော်မနေ ကမှစုံစမ်းလို့ သိရတာဟုပြောသည်။

 

Last Updated on Tuesday, 02 February 2010 17:10
Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 57