အခက်အခဲ

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေဖြင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှု ရရှိရန်မှာလည်း အဓိကစိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်သည်။ တရားဝင်အထောက်ထားရှိသော မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုရနိုင်ရန် ပြဌာန်းထားသော ဥပဒေတချို့ရှိပါသော်လည်း၊ အထောက်အထားမရှိသော အလုပ်သမားများ (သို့) ဆေးရုံ၊ ဆေးခန်းများနှင့် ဝေးလံစွာ နေထိုင်နေကြရသော အလုပ်သမားများသည် FED အဖွဲ့အစည်း နှင့် အခြားသော NGO အဖွဲ့အစည်းများ၏ ကျန်းမာရေးကူညီစောင့်ရှောက်မှုများကိုသာ မှီခိုနေကြရပါသည်။

ကာကွယ်နိုင်ပြီး ကုသ၍ရသော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေး၊ ငှက်ဖျား နှင့် တီဘီ ရောဂါများသည် ရွှေ့ပြောင်းမြန်မာတို့တွင် အများဆုံးဖြစ်ပြီး ထိုရောဂါများဖြင့် သေဆုံးရသော ရွှေ့ပြောင်းအလုပ်သမားတို့၏ သေဆုံးမှုနှုန်းမှာ ထိုင်းလူမျိုးများထက် များနေသည်ကိုတွေ့ရှိရသည်။ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရရှိသော ရွှေ့ပြောင်းမြန်မာများကို အကူအညီပေးရန် FED ကျန်းမာရေးအဖွဲ့ အနေဖြင့် အမြဲလိုလို အကူအညီတောင်းခံရသည်။ ထိုင်းနိုင်ငံတွင် နေထိုင်ကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများအကြား အိပ်ချ်အိုင်ဗွီပိုး (HIV) ပိုးကူးစက်မှုနှုန်း မြှင့်တက်လာနေသည်။ အိပ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် (HIV/AIDS) ကူးစက်ခံရသော ရွှေ့ပြောင်းအလုပ်သမားများသည် အများအားဖြင့် မိမိတွင် အိပ်ချ်အိုင်ဗွီပိုးရှိနေကြောင်းကို အချိန်နှောင်းပြီး အရမ်းဖျားနာ နေမကောင်းဖြစ်သောအချိန်တွင်မှသာ သတိပြုမိလေ့ရှိသည်။

0
ဆေးရုံဘာသာပြန်ချက်များ လက်ခံရရှိသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်
0
ကျန်းမာရေးသင်တန်း လက်ခံရရှိသော ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်
0
အရေးပေါ်ကူညီစောင့်ရှောက်မှုများ လက်ခံရရှိသော ရွှေ့ပြောင်းအလုပ်သမား အရေအတွက်

အဖွဲ့အစည်းမှ ယုံကြည်စွာ ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု

ဖန်ငခရိုင်တွင် နေထိုင်ကြသော ရွှေ့ပြောင်းမြန်မာများ၏ ကျန်းမာရေးဆိုင်ရာ ရေတို၊ရေရှည် လိုအပ်ချက်များကို FED အနေဖြင့် ၂၀၀၅ ခုနှစ်မှ စ၍ ဆောင်ရွက်ဖြည့်ဆည်း ပေးလျက်ရှိသည်။ အများစုသော ရွှေ့ပြောင်းမြန်မာများသည် ထိုင်းဆေးရုံ၊ ဆေးခန်းများသို့သွားရန် တွန့်ဆုတ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ခွဲခြားဆက်ဆံခံရခြင်း၊ နိမ့်ကျသည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကိုသာ ရရှိခြင်း၊ ရဲများ၏ ဖမ်းဆီးချုပ်နှောင်မှုခံရပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံရမည်ကို စိုးရိမ်ကြောက်လန့်သောကြောင့် ဖြစ်သည်။ တချို့သော အလုပ်သမားများသည် ငွေကြေးအခက်အခဲများကြောင့် ဆေးရုံ၊ ဆေးခန်း မသွားခြင်းဖြစ်သည်။ အများစုသော ရွှေ့ပြောင်းမြန်မာများသည် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိကြခြင်း နှင့် အသက်ပင် ထိခိုက်နိုင်လောက်သည့် ဆိုးရွားသည့် ကျန်းမာရေးအခြေအနေသို့ ရောက်ရှိစေကာမူ ဆေးရုံသို့ မသွားကြပါ။ ထိုပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် FED အနေဖြင့် ကျန်းမာရေး ပရိုဂရမ်တစ်ခုကို ထူထောင်ခဲ့ပြီး ရွှေ့ပြောင်းမြန်မာလူထု အကြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေခဲ့သည်။

FED လူထုကျန်းမာရေး လုပ်သားများအနေဖြင့် ၎င်းတို့တွင်ရှိသည့် အတတ်ပညာများ၊ အရင်းမြစ်များ နှင့် လုပ်နိုင်စွမ်းရှိသရွေ့ ရွှေ့ပြောင်းမြန်မာများအား ကူညီပေးလျက်ရှိသည်။ နာတာရှည်ရောဂါပြဿနာများ (ဥပမာ – တီဘီ နှင့် အိပ်ချ်အိုင်ဗွီ) ရှိသည့်လူနာများအား အကူအညီပေးရန် ကျန်းမာရေးအဖွဲ့အနေဖြင့် အမြဲတမ်း အသင့်ရှိနေပါသည်။ ထို့ပြင် FED မှ ရွှေ့ပြောင်းမြန်မာကလေးများအတွက် ဖွင့်လှစ်ထားသော ကျောင်းများတွင်လည်း ကလေးများ ကျန်းမာသန်စွမ်းရေးအတွက် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း၊ နေ့စဉ်ကျန်းမာရေး ပညာပေးအစီအစဉ်များ ပြုလုပ်ခြင်း နှင့် အရေးပေါ်ကျန်းမာရေး အခြေအနေများအတွက် ဆေးရုံဆေးခန်းများသို့ သယ်ယူပို့ဆောင်ပေးခြင်း စသည်တို့ကို တတ်စွမ်းသရွေ့ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပံ့ပိုးပါ။

ကျန်းမာရေးဆိုင်ရာ နောက်ဆုံးရစိတ်ဝင်စားဖွယ်သတင်းများ

Closely watching the floods in Myanmar

ဧပြီ 19th, 2019|0 Comments

FED is saddened by the ongoing floods in Burma/Myanmar, which have now taken the lives of 100 people and affected 1 million people since July 16, 2015. The west of the country has been hardest hit [...]

@fedgrassroots