အခက်အခဲ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လုပ်ကိုင်နေထိုင်ကြသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ကလေးငယ်များသည် ဘာသာစကား ကျွမ်းကျင်မူ အားနည်းခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ခွဲခြားဆက်ဆံခံရမည်ကို ကြောက်ရွံ့ခြင်း နှင့် ပညာရေးအခြေခံနိမ့်ပါးခြင်း စသည်ကဲ့သို့သော အခက်အခဲများသည် ပညာသင်ကြားနိုင်ရန်အတွက် အတားအဆီးများ ဖြစ်စေပါသည်။

ထိုင်းအစိုးရအနေဖြင့် ကလေးများအားလုံး ပညာသင်ကြားခွင့်ရှိရမည်ဟု ပြဌာန်း ကြေညာထားသော်လည်း မြန်မာကလေးငယ်များအနေဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ အစိုးရကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်ရေးမှာ အလွန်ပင် ခက်ခဲနေဆဲပင် ဖြစ်ပါသည်။ ထိုင်းကျောင်းအုပ်များ၏ အကြောင်းပြချက်မှာ မြန်မာကလေးငယ် အများစုသည် ထိုင်းစာ မရေးတတ်၊ မဖတ်တတ်သောကြောင့် စာသင်ကြားပေးရန် မဖြစ်နိင်ဟု ဆိုပါသည်။ ရွှေ့ပြောင်းမြန်မာလူထုအနေဖြင့်လည်း မိမိတို့၏ ကလေးငယ်များသည် ထိုင်းကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်သည့် အခွင့်အရေးရှိခြင်းကို မသိနားမလည်ခြင်းသည်လည်း ပညာရေးအတွက် အဟန့်အတားတစ်ခုဖြစ်နေပါသည်။ ထိုင်းကျောင်းများသည်လည်း ဘာသာစကားအခက်အခဲနှင့် အခြားသော လိုအပ်ချက်များကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများအတွက် ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရန် ပျက်ကွက်နေရခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများသည် ကျောင်းဝင်ကြေး၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၊ ကျောင်းဝတ်စုံနှင့် အခြားသော ကုန်ကျစရိတ်များအား မပေးနိုင်ကြခြင်းသည်လည်း အဟန့်အတားတစ်ခုအနေဖြင့် ရှိနေခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပံ့ပိုးပါ။
0
ရွှေ့ပြောင်းမြန်မာကလေးငယ်များသည် ကျွန်တော်တို့ ရွှေ့ပြောင်းမြန်မာကျောင်းများ၏ ပညာရေးဝန်ဆောင်မှုဖြင့် တက်ရောက်ပညာသင်ကြားခဲ့ပြီး ဖြစ်ပါသည်။
0
ရွှေ့ပြောင်းမြန်မာကလေးငယ်များ လက်ရှိတွင် FED က ဖွင့်လှစ်ထားသော ရွှေ့ပြောင်းမြန်မာ ကျောင်းများတွင် တက်ရောက် ပညာသင်ယူလျက် ရှိပါသည်။
0
ကျောင်းဆရာ/ဆရာမများ လက်ရှိတွင် ကျွန်တော်တို့၏ ရွှေ့ပြောင်းမြန်မာကလေးများ ကျောင်းများတွင် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

အဖွဲ့အစည်းမှ ယုံကြည်စွာ ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းသည် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏ ဆင်းရဲနွမ်းပါးမူ သံသရာစက်ဝိုင်းအား ချိုးဖျက်နိုင်သည့် တစ်ခုတည်းသော လက်နက်မှာ ပညာရေးဖြစ်သည်ဟု ခိုင်မာစွာ ယုံကြည်သောကြောင့် ပညာရေး အထောက်အပံ့ကောင်းများ ပေးနိုင်ရန် ယုံကြည်စွာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ အများအားဖြင့် ရွှေ့ပြောင်းမြန်မာကလေးငယ်များ၏ မိသားစုများမှာ ပညာရေး အခြေခံ နိမ့်ပါးခြင်း (သို့) ပညာ မသင်ယူခဲ့ရခြင်းများကြောင့် အလုပ်အကိုင်ကောင်းများ ရရှိရန် ခက်ခဲကြပြီး ဝင်ငွေနည်းပါးသော အလုပ်အကိုင်များနှင့် တည်ငြိမ်မှု မရှိသောလုပ်ငန်းများတွင် လုပ်ဆောင်နေကြရပါသည်။ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေကြသော ရွှေ့ပြောင်းအလုပ်သမားအများစုမှာ ညစ်ပတ်သော၊ အန္တရာယ်ရှိသော၊ ခက်ခဲပင်ပန်းသော လုပ်ငန်း အခြေအနေ (၃) ရပ်အပေါ်တွင် လုပ်ကိုင်နေကြရပါသည်။ ထိုလုပ်ငန်းနေရာများမှာ ရာဘာစိုက်ပျိုးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ငါးဖမ်းခြင်းနှင့် သစ်ခွဲလုပ်ငန်းများ စသည့်လုပ်ငန်းများ ပါဝင်ပါသည်။ ကလေးငယ်များအား ပညာသင်ယူစေခြင်းသည် သူတို့၏ အနာဂတ်ဘဝများ တောက်ပလာစေရန် ကူညီထောက်ပံ့ရုံတင်မဟုတ်ပဲ အန္တရာယ်များသော လုပ်ငန်းအခြေအနေများတွင် ဝင်ရောက်လုပ်ကိုင်ကာ အန္တရာယ်မဖြစ်စေရန် အကာအကွယ်ပေးပြီးသားလည်း ဖြစ်ပါသည်။ မိဘများသည်လည်း လုပ်ငန်းခွင်အတွင်း စိတ်လက်အေးချမ်းစွာ လုပ်ကိုင်လာနိုင်မည်ဖြစ်ပါသည်။ ပညာရေးသာ မရှိလျှင် ဆင်းရဲနွမ်းပါးမှု စက်ဝိုင်းသည် အဆက်မပြတ် ဆက်လက် သံသရာ လည်နေပေဦးမည် ဖြစ်ပေသည်။ ရွှေ့ပြောင်းမြန်မာကလေးငယ်များ၏ ပညာရေးအား အထောက်အပံ့ပေးနေခြင်းသည် လုပ်ငန်းခွင်အတွင်း အတင်းအကြပ် ခိုင်းစေခံရခြင်းကို ကာကွယ်ပြီးသားဖြစ်သလို အလုပ်စတင်လုပ်ကိုင်ကြရာတွင်လည်း ပိုမိုကောင်းမွန်သော လုပ်ငန်းများ ရရှိလုပ်ကိုင်နိုင်စေပြီး လှပသော အနာဂတ်ဘဝပိုင်ရှင်များ ဖြစ်နိုင်ရန်အတွက်လည်း ကူညီထောက်ပံ့ပေးရာ ရောက်ပါသည်။

ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအား ပံ့ပိုးပါ။

ကျွန်ုပ်တို့၏ သင်ကြားရေးစင်တာ

ပေါင်းစည်း သင်ကြားရေးစင်တာ

ပေါင်းစည်းသင်ကြားရေးစင်တာ (ULC) သည် လူသိများသော ခေါက်လတ် အနီးရှိ တကွာပါပြည်နယ်၊ ခူးခတ်မြို့နယ်တွင် တည်ရှိပါသည်။ ၎င်းနေရာ၌ (၃၅၀) ကျော်သော မြန်မာကလေးငယ်များအား ပညာရေး သင်ကြားပေးလျက် ရှိပါသည်။

မကြာမှီလာမည်

ခူရဘူရီ သင်ကြားရေးစင်တာ

ခူရဘူရီသင်ကြားရေးစင်တာ (KLC) သည် ဖန်ငခရိုင်၊ ခူရဘူရီပြည်နယ် အတွင်း နေထိုင်လျက်ရှိသော ရွှေ့ပြောင်းမြန်မာကလေးငယ် (၈၀) ယောက် အတွက် ပညာရေး သင်ကြားပေးလျက် ရှိပါသည်။

ဗီဒီယို ကြည့်ရှု့ရန်

ပညာရေးဆိုင်ရာ နောက်ဆုံးရ စိတ်ဝင်စားဖွယ် သတင်းများ

Closely watching the floods in Myanmar

ဧပြီ 19th, 2019|0 Comments

FED is saddened by the ongoing floods in Burma/Myanmar, which have now taken the lives of 100 people and affected 1 million people since July 16, 2015. The west of the country has been hardest hit [...]

@fedgrassroots